ကျိုက်ဒေတမော့ဗရတ် သာသနာပြုနယ်မြေ (ကိုရင်လေး)ကျောင်းသို့  မြို့နယ်မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေများ သွားရောက်လှူဒါန်း

​ရေး မေ ၁၂

မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီကျေးရွာ ကျိုက်ဒေတမော့ ဗရတ်သာသနာပြုနယ်မြေ (ကိုရင်လေး)ကျောင်းသို့ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးဆောင်မှုဖြင့် သောက်သုံးရေဂါလန် ၄၀၀၀ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ကိုရင်လေးကျောင်း၌ ၂၀၂၂ ခုနှစ် ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲများကို ဧပြီလ ၃၀ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ စာဖြေသံဃာတော်များနှင့် ကြီးကြပ်ဆရာတော်ကြီးများ အသုံးပြုရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အတူ ရန်ကြီးအောင် အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းပြီး မီးငြိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် နေ့စဉ် သောက်သုံးရေ များကို သွားရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ရေး၊ ပြန်/ဆက်