ထားဝယ်နည်းပညာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်

ထားဝယ်  မေ ၁၂

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားရာ၌ဖွင့်လှစ်ရန် ကျန်ရှိသော ပထမနှစ်မှစတုတ္ထနှစ်ထိ အတန်းများ၊ ပဥ္စမနှစ်အောင်နှင့် ဆဋ္ဌမနှစ်တက်ရန် ကျန်ရှိသောကျောင်းသား/သူများ၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား/သူ များအတွက် တက္ကသိုလ်များဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်ထားဝယ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်က နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ယနေ့လူငယ်လူရွယ်များ၏ ပညာရေးဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍသည် အဓိကကျသောအကြောင်းအရာ တစ်ခုလည်းဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနစတင်ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်ထီထွင်နိုင်သော သုတေသနပညာရှင်များပေါ်ထွန်းလာစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြု လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်စေရန်၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ ကွန်ပျူတာအသိပညာရှင်များ၊ အတက်ပညာရှင်များ၊ ပြုစုပျိုးထောင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် လူမှုစီးပွားဘဝမြှင့်တင် ဆောင်ရွက်နိုင်စေရေးတို့အတွက် နည်းပညာကောလိပ်၊ ကွန်ပျူတာကောလိပ်တို့မှတဆင့် နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များသို့ နိုင်ငံအနှံ့အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ နည်းပညာတက္ကသိုလ် (ထားဝယ်)တွင်BE ဘွဲ့ရ(၈၆၂)ဦး၊ BTech ဘွဲ့ရ(၉၅၁)ဦး မွေးထုတ်ဆောင်ရွက်ပေးပြီးကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ သင်ကြားရေးကိစ္စရပ်များ၊ အခြားထောက်အကူပြုကိစ္စရပ်များတွင် မိမိတို့ဌာနရှိဌာနမှူးများ၊ အဆောင်မှူးများ၊ သင်တန်းရေးရာဌာနများတွင် အကူအညီတောင်းဆောင်ရွက်နိုင်ကြောင်းကျောင်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် လက်ရှိကျောင်းသားဦးရေ (၈၉၄)ဦးဖြစ်ပြီး၊ ၂၀၂၂-၂၀၂၃ ဝင်ခွင့်ရ (၂၁)ဦးရှိ၍ ဆရာ/မ (၄၈)ဦး၊ စီမံဝန်ထမ်း(၁၅)ဦး၊ စုစုပေါင်း(၆၃)ဦးတို့က ကျောင်းသား/သူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ အထောက်အကူပြုလုပ်ငန်းကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)