အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား ကရင်၊မြန်မာနှစ်ဘာသာဖြင့်‌ လိုက်လံအသိပေးနှိုးဆော်

ပိုင်ကျုံ မေလ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ လူစည်ကားသည့်‌နေရာများ၊ လမ်းဆုံလမ်းကွများ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်  ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊‌ တောင်ပလောင်ကျေးရွာ၌ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိုဗစ်-၁၉‌ရောဂါ လမ်းညွှန်ချက်များနှင့် ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံ‌ရေးအသိပညာ‌ပေးချက်များအား မိဘပြည်သူများသိရှိစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိ‌ပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ချက်များ‌ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ‌ပြောင်းအိုမီခရွန် ရောဂါပိုးတွေ့ရှိသူ မြင့်တက်လာခြင်းကြောင့် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင် လုပ်ကိုင်ပါ ၊ အချင်းချင်းအသိပေး/သတိပေးပါ၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြော ရန်၊ လေဝင်လေထွက်မကောင်းသောနေရာများသို့ သွားလာခြင်းမှ‌ရှာင်ကြဉ်ပါ၊ ပြည်သူများ အားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန်၊‌ ကိုဗစ်-၁၉‌ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါကနီးစပ်ရာကျန်းမာရေးဌာနသို့ အချင်းချင်းဆက်သွယ် စောစီးစွာကုသမှု ခံယူကြပါရန်၊ ကိုဗစ်-၁၉‌ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်းသိကောင်းစရာများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို မိဘပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရှိ‌စေရန်အတွက် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

‌နော်ခူး(ပြန်/ဆက်)