ဖားဆောင်းမြို့နယ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
May 16,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံရှေးဦးသူနာပြုစုနည်း အတတ်ပညာကို လေ့လာတတ်မြောက်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်( ၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။