သာယာဝတီမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်
May 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးအဖွဲ့(၁၅)ဖွဲ့ဖြင့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျေးရွာ (၁၅)ရွာသို့ ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် ပြည်သူ (၁၈၄၆) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရာနှုန်းပြည့် ပြီးစီးအောင် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများ အားလုံးသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။