ပုသိမ်မြို့တွင် မြို့နယ်အဆင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

ပုသိမ် ဇူလိုင် ၁၀

၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ဝင် ဦးငွေစိုးက ပြိုင်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းနှင့် အဖွဲ့လိုက် အဆို၊ အက၊ အရေး၊ အတီးများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြိုင်ပွဲအောင်မြင်ရေးထောက်ပံ့ငွေအဖြစ် ငွေကျပ်သိန်း(၄၀)အား ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေကို မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင် ရေးအတွက် ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မြို့နယ်အဆင့်မှစ၍ ယှဉ်ပြိုင် လျက်ရှိပြီး အခမ်းအနားသို့  ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝေသန်းနှင့်အဖွဲ့ဝင်များ၊ ပညာရှင်အဆင့် အကဲဖြတ်ဒိုင်လူကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)