Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ် ရွာသာအေးကျေးရွာတွင် ငရုတ်သီးများ ဈေးကောင်းရရှိ၍ ငရုပ်စိုက် တောင်သူများအဆင်ပြေ
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွာသာအေးကျေးရွာတွင်ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေး ကောင်းရရှိသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စိုက်တောင်သူမျာထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြပွဲကျင်းပ
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကြာအင်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကို ယမန်နေ့နံနက် (၈) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ ဆုတောင်းပြည့်မဟာစေတီကြီးဘုရားတွင် ဓမ္မစင်္ကြာဒေသနာတော် ဖွင့်ပွဲအကြိုအဖြစ် ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများစုပေါင်း၍ ဝတ်ရွတ်ပူဇော်ပွဲကျင်းပ
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ ဆုတောင်းပြည့်မဟာစေတီကြီးဘုရားတွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဓမ္မစင်္ကြာအခါတော်နေ့(ဝါဆိုလပြည့်နေ့)တွင်ပြုလုပ်မည့်၊ ဓမ္မစင်္ကြာဒေသနာတော်ဖွင့်ပွဲအကြိုအဖြစ်၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဝတ်ရွတ်အသင်းများ၏ ဒေသနာတော်ဝတ်ရွတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ ညနာရီအချိန်က အဆိုပါဘုရားဝန်းအတွင်းရှိ အာရုံခံတန်ဆောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့
Jul 11,2022
၂၀၁၉-၂၀၂၀ ၊ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များအတွက် မြစ်ကြီးနားတက္ကသိုလ်၌ ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များတွင် နေထိုင်၍ ပညာသင်ကြားလျက်ရှိသော အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ပြိုကျပျက်စီး
Jul 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးသည် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြစ်ရေထဲသို့ ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာဒေသခံတွေထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မြောင်းမြမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 10,2022
မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဉီးစီးဌာန ၊ ကော်ဖီ - ရာသီ သီးနှံဌာနခွဲ၊ ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ( ၉:၃၀ ) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၈)ရှိ မြန်မာ- ခါနန် တောင်သူလယ်သမားနည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17833
Page
17834
Page
17835
Page
17836
Current page
17837
Page
17838
Page
17839
Page
17840
Page
17841
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department