လွယ်ဂျယ် ဇူလိုင် ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုသို့ တွေ့ဆုံရာတွင် လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များက လွယ်ဂျယ်ဒေသအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပို့ကုန်သွင်းကုန်ဆောင်ရွက်နေမှု အခြေအန၊ ဝင်ငွေခွန်ကောက်ခံရရှိမှု အခြေအနေများနှင့် ကုန်သည်လုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးသည် မင်္ဂလာလွယ်ဂျယ်ကားကြီးကွင်း၊ ပြည်သူ့ဆေးရုံနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဝင်/ထွက် ဂိတ်အမှတ်(၂)တွင် တရုတ်နိုင်ငံဘက်သို့ ကုန်သွယ်မှုဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)