မောက်မယ်မြို့နယ်၌ Mobile စနစ်ဖြင့်စာအုပ်များ ငှားရမ်းပေး

မောက်မယ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့လာရောက်ရန်အချိန်မပေးနိုင်သူများအား ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်း ၁၀ နာရီမှ စတင်ကာ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ Mobile စာငှားစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အလက(ခွဲ)စျေးတန်းသို့ သုတ/ရသ စာအုပ်စာစောင်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို သွားရောက်ငှားရမ်းပေးလျက်ရှိပြီး စာကြည့်တိုက်အသင်းဝင် ကတ်ပြားမရှိသေးသူများကို အသင်းဝင်ကတ်ပြုလုပ်ပေးခြင်း၊ သုတ/ရသ စာပေများထဲမှ၎င်းတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)