လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေး ခပ်ခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်၍ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက် ၉ နာရီအချိန်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဒေသန္တရဆေးခန်းမှဆရာမ ဒေါ်မိမိထွေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမှတ်(၁၆)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးနှင့် ခြင်ခိုအောင်းနိုင်သောနေရာများတွင် ပိုးလောက်လမ်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့်ကျန်းမာရေးအသိပညာပေးပြောကြားခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက ဦးဆောင်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေလွင်ကျော်