သတင်းများ

လပွတ္တာမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က လပွတ္တာ(၃)မိုင်မြို့ မြသန်းတန်ဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 11,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား)မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၁၁ နာရီအချိန်က လှိုင်သာယာပန်းခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Jul 11,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာ​ပြိုင်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် Mobile Team အစီအစဉ်ဖြင့် အလုပ်သမားလေဘာကတ် ကွင်းဆင်းပြုလုပ်ပေး
Jul 11,2022
အများပြည်သူ အလုပ်အကိုင်ရရှိစေရေးအတွက် သွားလာရန်ခက်ခဲသည့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် Mobile Team အစီအစဉ်ဖြင့် အလုပ်သမားလေဘာကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆိုင်ကလုန်းရှက်တာခန်းမတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် CoviShield (၂)ကြိမ် ထိုးပြီးသော ဝန်ထမ်းနှင့် မိသားစုများအား အပိုဆောင်း ကာကွယ်ဆေး Sinopharm များ ထိုးပေး
Jul 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူဆေးရုံ အစည်းအဝေးခန်းမတွင် CoviShield (၂)ကြိမ် ထိုးပြီးသော ဝန်ထမ်းနှင့် မိသားစုများအား အပိုဆောင်ကာကွယ်ဆေး Sinopharm များကို ယနေ့နံနက် ၉ နာရီတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆွေးနွေးပွဲ ကျင်းပ
Jul 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ခေတ်နှင့်အညီ Computer နှင့်သက်ဆိုင်သော နည်းပညာများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက Computer သင်တန်းတက်ရောက်မည့် လူငယ်လူရွယ်များတို့နှင့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 11,2022
ဉာဏ်ရည်၊ ဉာဏ်သွေးပြည့်၀၍ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရန်၊ စာဖတ်သည့်အ‌လေ့အကျင့်‌ကောင်းများဖြစ်‌ပေါ်လာစေ၍ စာပေအသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ ကချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိကလေးစာဖတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာရှင်အဖွဲ့တို့ပူးပေါင်း၍ စာအုပ်၊ စာစောင်များလှူဒါန်း
Jul 11,2022
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာရှင်အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သုံးခွကျေးရွာအုပ်စု၊ ကမာကလစ်ကျေးရွာ၊ အ.လ.က(ခွဲ)ကျောင်းသို့ စာအုပ်စာစောင်များသွားရောက်လှူဒါန်းခဲ့ပါသည်။