လေးမျက်နှာ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာသော ဆရာတော်များထံမှ ငါးပါး သီလ ခံယူဆောက်တည်သည်။ ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များမှ ကြွရောက်လာသော ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ပြီး ကောင်းမှုအစုစုတို့အား ရေစက်ချ အနုမောဒနာတရား နာကြားခဲ့ကြသည်။ လေးမျက်နှာမြို့နယ် အနေဖြင့် နှစ်စဉ်ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းလျက်ရှိပြီး ယခုနှစ်တွင် ကြွရောက်လာသော ဆရာတော် သံဃာတော်များနှင့် တကွ ရပ်ဝေးဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များကိုလည်း အဖွဲ့များ ခွဲ၍ ကျောင်းတိုက်များအရောက် လိုက်လံကပ်လှူပူဇော်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)