သာစည်မြို့အမှတ်( ၁ )အခြေခံပညာအထက်တန်းကျောင်းတွင် ၇၅ နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

သာစည်  ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  သာစည်မြို့ အမှတ်  (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်  ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီး  ဒေါ်ရီရီဝင်းက ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အထက်တန်းပြဆရာမ ဒေါ်မျိုးမျိုးသင်းက ဇူလိုင်လ (၁၉) ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးတို့ အတွက် နေ့ထူးနေ့မြတ် နေ့တစ်နေ့အဖြစ်ပါဝင်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်သူများတက်ရောက်ခဲ့ကြပြီး အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီး ( ၉ ) ဦးတို့၏ ကိုယ်ရေးသမိုင်းမှတ်တမ်းများ ပါဝင်သည့် နံရံကပ်စာစောင်များကို  စိတ်ပါဝင် စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်