သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ “လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ” (Talk Show)ပြုလုပ်

သံဖြူဇရပ် ဇူလိုင် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး “လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ” (Talk Show)ကို ယနေ့နံနက်  ၁၁ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမော်က (Talk Show) များပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအတွင်းရေးမှူး ဒေါ်အေးအေးသီက လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုဆိုသည်မှာ၊ ဘယ်လိုလူမျိုးတွေ လူကုန်ကူးခံရပါသလဲ၊ လူကုန်ကူးမှု ဖြစ်စဉ်များစသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းက မြို့နယ်အတွင်းလူကုန်ကူးခံရသူများ ပြန်လည်ရောက်ရှိလာပါက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြောကြားသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူအသိပညာပေးလုပ်ငန်းများကို Talk Show များပြုလုပ်ပြီး Online မှတဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)