ဖြူး ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန၊ ဖြူးမြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီးဒေါ်ယဉ်ယဉ်နွဲ့က အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းကတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား(၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲအနေဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက ကျောင်းသားလူငယ်များ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့်နေထိုင် စားသောက် ရမည့်အချက်များကိုလည်းကောင်း၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများ၊ ကုန်အညွှန်း အမှတ်အသားများအကြောင်းကိုလည်းကောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၅၀)ဦးခန့်အား အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးနံရံကပ်ပြဘုတ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြသပေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)