ကျိုက်ထို ဇူလိုင် ၁၇
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရေပြင်အသက်ကယ်သရုပ်ပြပွဲကို ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက်က ဒက်ချောင်းရေထိန်းတံခါး၌ ယမန်နေ့မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား)ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၀င်းမှ သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေဖြင့် ရေပြင်အသက်ကယ် သရုပ်ပြပွဲကို ပြုလုပ်ထားခြင်းဖြင့် ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကာကွယ် နိုင်မည့်နည်းလမ်းများကို သိရှိလာနိုင်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးမှ ရေပြင်ကယ်ဆယ်ရေး သရုပ်ပြဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး၊ ဦးတင်ထွေး(မီးသတ်ဦးစီးမှူးအငြိမ်းစား)မှ ရေပြင်ခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီ၀တ်ဆင်သင့်ရန်နှင့် ၀တ်ဆင်ပုံနည်းလမ်းများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ရေပြင်အသက်ကယ်သရုပ်ပြပွဲကိုစတင်ခဲ့ရာ ရေနစ်သူအား Bout ကွင်းဖြင့်ကယ်ဆယ်ခြင်း၊ ရေနစ်သူအား အသက်ကယ်တပ်ဖွဲ့၀င်များမှ ကယ်ဆယ်ခြင်း၊ ရေနစ်သူအား အသက်ကယ်တပ်ဖွဲ့၀င်များမှ ကယ်ဆယ်ခြင်း၊ ရေငုပ်၀တ်စုံ Dive Soit အသုံးပြု၍ ရေငုတ်ရှာဖွေခြင်း၊ ကယ်ဆယ်ရေးတပ်ဖွဲ့၀င်များမှ ရေကူးကျွမ်းကျင်မှုသရုပ်ပြခြင်း၊ ကယ်ဆယ်ရေးစက်လှေ(Assault Boat)ဖြင့်မောင်းနှင် သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)