ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကျေးရွာနှစ်ရွာအား ရန်ပုံငွေ (၆၄၂)သိန်းထုတ်ချေး
Jul 21,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေ (တတိယအကြိမ်) ထုတ်ချေးပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာနှင့် ဘန့်ပြင်ကျေးရွာအုပ်စု၊ အုပ်ပုံကျေးရွာသို့ ကျေးလက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းနှင့်ဝန်ထမ်းများက ကျေးရွာပြည်သူများထံအရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။