ကျောက်ပန်းတောင်း ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community) ခန်းမတွင်၊ ယနေ့နံနက်(၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းရာ၊ အထက်မြန်မာပြည် ကျောက်ပန်းတောင်း-မိတ္ထီလာ ကွန်ရက်ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေသည့် အဖွဲ့မှ ဒေါ်နန်းမြင့်ဦး(မြို့နယ်ညှိနှိုင်းရေးအဖွဲ့မှူး)က ကလေးသူငယ်အခွင့်အရေး ကာကွယ် ရေးဆိုင်ရာ ဥပဒေများနှင့် ကလေးအလုပ်သမားများအနေဖြင့် ငွေကြေး၊ အချိန်၊ လုပ်အားနှင့်လိင်အကြမ်းဖက် ခံရမှုများ၊ ခေါင်းပုံဖြတ်ခံရမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး အဆိုပါ ဖြစ်စဉ်များမဖြစ်ပေါ် စေရေးအတွက် နိုင်ငံတော်အစိုးရမှ စီမံဆောင်ရွက်နေမှုများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြား သည်။ ယင်းနောက် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကလေးများအပါအဝင် မိဘများ၊ အလုပ်ရှင်များ အားလုံး ပူးပေါင်း၍ ကလေးသူငယ် ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာရေး ဝိုင်းဝန်းဆောင်ရွက် ကြရန် အကြံပြုပြောကြားပြီး အစီအစဉ်ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)