သတင်းများ

မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Jul 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့တွင် ယနေ့နံနက်က ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ
ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ
Jul 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ
မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ၌ မိုးစပါး ဆင်းဧကရီ-၃ စိုက်ခင်းအတွင်း ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ (၁ အချိုး ၃)အချိုးကျ မြေသြဇာကြဲပက်ပွဲကျင်းပ
Jul 21,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် တောင်သူများ မြေသြဇာကုန်ကျစရိတ် သက်သာလာစေရန်နှင့် စိုက်ပျိုးပြီး စိုက်ပင်များ (၁၆)ရက်သားတွင် မြေသြဇာကျွေးပေးခြင်းအားဖြင့် အပင်ပွားများများထွက်ရှိလာပြီး အထွက်နှုန်း တိုးတက်လာစေရန်အတွက် မိုးစပါး ဆင်းဧကရီ-၃ အထွက်တိုးစိုက်ခင်းအတွင်း ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ (၁ အချိုး ၃)အချိုးကျ ရောစပ်ထားသော မြေသြဇာများ တောင်သူပညာပေးအနေဖြင့် ကြဲပက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ အမ်ဘူဒမ်းကွင်းအမှတ်(၁) ဦးပိုင်အမှတ်(၁၃၄) တောင်သူ ဦးခေါင်လန်ရောဘတ်ဆန်းနှင့် ဦးခေါင်လန်ဒဂုဏ်တို့၏ လယ်မြေငါးဧက၌ ကျင်းပသည်။
ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အထက ဆီဆိုင်၊ ယုဇနခန်းမတွင် ဆောင်ရွက်သည်။
ရွှေတောင်မြို့နယ်၌ ဆီထွက်သီးနှံမိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးမြေပဲများ‌ အောင်မြင်ဖြစ်ထွန်း‌ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။‌ တောင်သူများအ‌နေဖြင့် ဆီထွက်သီးနှံ မိုးမြေပဲအပြင် နှမ်းနှင့် နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 21,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်(Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာများဖြစ်သော "မောင်မင်းစိုး " ရေးသားထားသည့် " လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 21,2022
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၂)အခြေခံပညာလယ်တန်းကျောင်းခွဲသို့ ယနေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။