မံစီမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစု၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မံစီ ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစု၏ စုပေါင်းဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မံစီမြို့ ပြင်ဦးလွင်ရပ်ကွက်ရှိ သိရီရတနာ ကုန်းတော်ဇိနမာရ်အောင်မြို့ ဦးစေတီတော် အာရုံခံတန်စောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ရတနာ(၃)ပါးနှင့် တကွ ဆရာတော်ကြီးများအား ကန်တော့ခြင်းနှင့် ပြည်နယ်သံဃာ့ဝန်ဆောင် မံသဲကျောင်းတိုက်မှ ဆရာတော် ဦးဩဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးစန္ဒဇောတိထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရားတော်နှင့် ရေစက်ချတရားတော်ကို ချီးမြှင့်ပေးခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)