ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေး

ဆွမ်ပရာဘွမ် ဇူလိုင်၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဦးစီးဌာန၌ ထိုးနှံပေးကြောင်း သိရှိရသည်။

ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် ဝန်ထမ်းများ၊ မိဘပြည်သူများ၊ ဘာသာရေးအသင်းအဖွဲ့များအား ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးမီ အမည်စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ Mask များစနစ်တကျ တပ်ဆင်စေခြင်းဖြင့် သတ်မှတ်နေရာများ၌ ထိုင်စေကာ ဆေးထိုးပေးခဲ့ပြီး ဆေးထိုးပြီးပါက နာရီဝက်အကြာ စောင့်ကြည့်စစ်ဆေးကာ ပုံမှန်အနေအထားရှိမှသာ ဆေးထိုးနေရာဌာနက သွားခွင့်ပြုကြောင်း သိရှိရသည်။

အဆိုပါဆေးထိုးခြင်းလုပ်ငန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)