သတင်းများ

ဇလွန်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၉) စက်မှုလယ်ယာစခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် အသက်(၂၀)နှစ်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဘုရားချောင်းကျေးရွာအသင်း တက်ရောက်နိုင်ပြီ
Jul 22,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင်  ဇွန်(၂၁)ရက်နေ့မှ စတင်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ ကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ဇူလိုင်(၂၁)ရက်နေ့ ညနေ (၃)နာရီတွင်
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၅)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လနှင့်အထက်၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ် ဆေး (Booster Dose)ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 
မံစီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 22,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမ၌ ယနေ့နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများထုတ်ပေး
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီအချိန်က ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပညာရေးဌာနမှကြီးမှူး၍ ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင်   မြို့နယ်အဆင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆိုင်ရာ
ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်း
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ဒေသ အတွင်းရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၂၁)မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်း တတိယမြောက်နေ့အဖြစ် ဆက်လက်ဆောင်ရွက်
Jul 22,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၂၁)မှ မြို့ပေါ်ရပ်ကွက်များပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို တတိယမြောက်နေ့အဖြစ် ယနေ့နံနက် ၉ နာရီမှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။