သံဖြူဇရပ် ဇူလိုင် ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန သံဖြူဇရပ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အောင်မြင်သော နွားမေထုန်မဲ့ သားစပ် မျိုးပွားခြင်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းက သင်တန်းဖွင့် အမှာစကားပြေကြားပြီး၊ ဆက်လက်၍ သင်တန်းပို့ချရာ အောင်မြင်သော နွား မေထုန်မဲ့ သားစပ်မျိုးပွားခြင်းနှင့် စပ်လျဉ်း၍ မြို့နယ် လက် ထောက်ညွန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းနှင့် ဦးစီးအရာရှိ ဒေါက်တာ သက်စိုးနိုင်တို့က စာတွေ့ လက်တွေ့ သင်ကြားပေးသည်။
အဆိုပါသင်တန်းကို သံဖြူဇရပ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ နွားမွေးမြူသူ သင်တန်းသား (၁၀)ဦးတို့အား ယနေ့မှ (၂၃)ရက် အထိ နေ့စဉ် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီ အထိ (၃) ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းထံမှ သိရသည်။
အေးအေးသီ (ပြန်/ဆက်)