ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကျေးရွာနှစ်ရွာအား ရန်ပုံငွေ (၆၄၂)သိန်းထုတ်ချေး

ပေါက်ခေါင်း ဇူလိုင် ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေ (တတိယအကြိမ်) ထုတ်ချေးပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာနှင့် ဘန့်ပြင်ကျေးရွာအုပ်စု၊ အုပ်ပုံကျေးရွာသို့ ကျေးလက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းနှင့်ဝန်ထမ်းများက ကျေးရွာပြည်သူများထံအရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ဦးစွာကျေးလက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းက မိမိတို့ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေရသည့် ပင်မလုပ်ငန်းများအကြောင်း၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ (တတိယအကြိမ်)ထုတ်ချေးပေးရခြင်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် လေးကြီးကျေးရွာရှိ ကျေးရွာပြည်သူ ၁၁၈ ဦးအတွက် မတည်ရန်ပုံငွေ ၃၂၁ သိန်းနှင့် အုပ်ပုံကျေးရွာရှိ ပြည်သူ ၂၅၄ ဦးအတွက် ၃၂၁ သိန်း၊‌ စီမံကိန်းကျေးရွာနှစ်ရွာအတွက် စုစုပေါင်း  ၆၄၂  သိန်းအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်‌အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ကျေးရွာကော်မတီဝင်များက ပြည်သူတစ်ဦးချင်းထံသို့ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်