သတင်းများ

မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် (၁၀) ဦး အပါအဝင် (၁၆၈၁) ဦး ဖြေဆို အောင်မြင်
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ဖြစ်သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးဦးစီးဌာန တာဝန်ရှိသူများမှ ယနေ့ နံနက် (၆) နာရီအချိန်က စာစစ်ဌာန(၈) ခုတွင် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာ ထားရှိပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက  သက်ဆိုင်ရာစာစစ်ဌာနများတွင်  ထုတ်ပြန်ကြေညာပေးခဲ့ရာ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများ၊  ကျောင်းသားမိဘများနှင့် မိသားစုဝင်များ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်စာစစ်ဌာနတွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်စာစစ်ဌာနများတွင် ဇွန်လ ၁၇ ရက်က တစ်ပြိုင်နက်ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီ က မြို့နယ်စာစစ်ဌာနနှင့် ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာလျက်ရှိ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်ကစ၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊  မြို့နယ်တွင်အခြေခံပညာဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာန(၃)ခုတွင် ထုတ်ပြန်ပေးထားလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Jun 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရညရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကိုယမန်‌နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန (၃)ခုရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၆) နာရီက တပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၊ ဒုံမေးခိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း  ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Jun 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဂျပန်နိုင်ငံအစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်