ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ဒဂုံမြောက်   ဇွန်    ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် နာရီအချိန်ကစ၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌        အမှတ်() အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်() အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှစ်ခုတွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှ စတင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း () ကျောင်းနှင့် ပြင်ပမှဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၉၅၄) ဦးရှိပြီး ဖြေဆိုအောင်မြင်သူ (၄၅၄) ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း ၄၇.၅၈၉  ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ရာ၌ စာစစ်ဌာနကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် လာရောက်ကြည့်ရှုသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြည့်ရှုစေခြင်းနှင့် အဆင်မပြေမှုများမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ