ဟိုပုံး ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဂျပန်နိုင်ငံအစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်ခဲ့သော ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာ အခြခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး နောက် အမှတ်တရ သစ်ပင်များစိုက် ပျိုးပေးခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ကျောင်းဆောင် သစ်ဆောက်လုပ်ထား မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီးနောက် အဆိုပါကျောင်းတွင် အခမ်းအနားအား ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုး အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းဆောင်သစ် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ခြင်းအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နိပွန်ဖောင် ဒေးရှင်း(စေတနာ)အဖွဲ့များကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကျောင်းဆောင်များရေရှည်တည်တံ့ရေး၊ ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဝိုင်းဝန်းပံ့ပိုး ပေးစေလိုကြောင်းနှင့် ကျောင်းနေ အရွယ်ကလေးများ ကျောင်းသို့ရောက်ရှိရေး ကျောင်းသားမိဘများက ပါဝင်ဆောင်ရွက်ကြရန်လို အပ်ကြောင်းပြောကြား ခဲ့သည်။ ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် နိဖွန်ဖောင်ဒေးရှင်း(စေတနာ) ဒေသဆိုင်ရာစီမံကိန်းမှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး ကျောင်းဆောင်သစ် အထိမ်းအမှတ်အလံနှင့် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား မြို့နယ် ပညာရေးမှူး ဦးမြင့်ဝေထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး စေတနာအဖွဲ့နှင့် လူထုဖွံ့ဖြိုးရေး ကော်မတီသို့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၁၂၆၀၀၀၀၀)အား နီပွန်ဖောင်ဒေးရှင်းမှ ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်းသိရသည်။
ဒုံမေးခိုးအခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်အား ၂၀၁-၂၀၂၂ ပညာသင်နှစ် တွင် ဆောက်လုပ်ခဲ့ပြီး အလျား(၁၂၀ပေ) အနံ(၃၀ပေ)ရှိ သံကူကွန်ကရစ်တစ်ထပ်ကျောင်း ဆောင် ဖြစ်ပြီး နီပွန်ဖောင်ဒေးရှင်း(စေတနာ)မှ ကျပ်(၇၇၆၀၄၆၅၀)နှင့် ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင် ငွေကျပ်(၁၂၅၄၂၁၀၀) တို့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)