ကျိုင်းတုံမြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ကျိုင်းတုံ ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက  သက်ဆိုင်ရာစာစစ်ဌာနများတွင်  ထုတ်ပြန်ကြေညာပေးခဲ့ရာ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများ၊  ကျောင်းသားမိဘများနှင့် မိသားစုဝင်များ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၁၃၆ ဦးဖြေဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် အောင်မြင်သူဦးရေ ၄၆၅ ဦး အောင်ချက်ရာခိုင်နှုန်း ၄၀.၉၃ ရာခိုင်နှုန်းရှိပြီး ငါးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာ ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၃၅ ဦး ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၂၄၃၉ ဦးရှိပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများတွင် အောင်မြင်သူ ၇၈၅ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၂.၁၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)