ဗိုလ်တထောင် ဇွန် ၁၇
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်စာစစ်ဌာနများတွင် ဇွန်လ ၁၇ ရက်က တစ်ပြိုင်နက်ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီ က မြို့နယ်စာစစ်ဌာနနှင့် ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာလျက်ရှိ ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် စာမေးပွဲဖြေဆိုသူ (၄၃၇)ဦးအနက် အောင်မြင်သူ(၂၃၇)ဦးရှိရာ စာမေးပွဲဖြေဆိုအောင်မြင်သည့် ရာခိုင်နှုန်းမှာ (၅၄.၂၃) ဖြစ်သည်။ အဆိုပါအောင်မြင်သူများထဲမှ (၆)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်( ၈) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၃) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၆၁) ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ (၁၁၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)