တမူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

တမူး ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန (၃)ခုရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၆) နာရီက တပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် တမူးစာစစ်ဌာန၊ ခါမ်းပါတ်စာစစ်ဌာန၊ မြို့သစ်စာစစ်ဌာနတို့တွင် စာရင်းရှိ (၅၃၉) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၄၇၉) ဦးအနက်မှ (၁၉၁) ဦး အောင်မြင်ခဲ့၍ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၃၃)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၄၇) ဦးဂုဏ်ထူးထွက်ရှိကာ အောင်ချက်ရာခိုင်နှုန်း(၃၉.၈၇)% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းဇယားများအရ သိရှိရသည်။

ရတနာ