ကလေးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ကလေး ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊  မြို့နယ်တွင်အခြေခံပညာဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာန(၃)ခုတွင် ထုတ်ပြန်ပေးထားလျက်ရှိကြောင်း သိရသည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အင်ဒိုင်းကြီး အခြေခံပညာအထက်တန်းတန်းကျောင်း စာစစ်ဌာနတို့တွင် ကျောင်းသား(၂၅၄)ဦး၊ ကျောင်းသူ(၄၅၁)ဦးစုစု‌ပေါင်း(၇၀၅)ဦး လာရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား(၉၁)ဦး၊ ကျောင်းသူ(၁၆၉)ဦး စုစုပေါင်း(၂၈၇)ဦး အောင်မြင်ခဲ့ရာ အောင်မြင်မှု (၄၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူ ခြောက်ဘာသာ(၁)ဦး၊ ငါးဘာသာ(၄)ဦး၊ လေးဘာသာ(၇)ဦး၊ သုံးဘာသာ(၁၂)ဦး၊ နှစ်ဘာသာ(၁၆)ဦး၊ တစ်ဘာသာ(၅၃)ဦးခဲ့ပြီး အဆိုပါ တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများ အေးချမ်းစွာ ကြည့်ရှုနိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းကများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ကလေး(ပြန်/ဆက်)