စဉ့်ကိုင် ဇွန်-၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်(၆)နာရီက စတင်ထုတ်ပြန်ကြေညာရာ အောင်ချက်ရာချက်ရာခိုင်နှုန်းအနေဖြင့်(၄၇ဒဿမ၁၃) ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်၀င်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာထားမှုကို စာစစ်ဌာနအသီးသီးရှိကျောင်းများ၌ ကပ်ထားသည် များကို လူကိုယ် တိုင်လာရောက်ကြည့်ရှုသူများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ www.myanmarexam.org တွင်လည်း၀င်ရောက်ကြည့်ရှုကြပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့် တက္ကသိုလ်၀င်စာမေးပွဲကိုစာစစ်ဌာနများဖြစ်သောအ-ထ-က(စဉ့်ကိုင်)၊ တရုတ်စု အ-လ-က၊ ပလိပ်အ-ထ-က၊ ဘယ်လင်း အ-ထ-ကများတွင် ၀င်ရောက်ဖြေဆိုသူ (၈၈၇)ဦးရှိရာ အောင်မြင်သူ (၄၁၈)ဦးဖြစ်ကြောင်းသိရှိရပြီး ငါးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၀၈)ဦး၊ ရိုးရိုးအောင်မြင်သူ(၂၈၆)ဦး၊ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၄၇ ဒဿမ ၁၃) ရာခိုင်နှုန်း အောင်မြင်ကြောင်းမြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)