ကျောက်တံတားမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းထုတ်ပြန်

ကျောက်တံတား ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပြန်ထားရှိကြောင်းသိရသည်။

ကျောက်တံတားမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အတွင်းဖြေဆိုသူ(၃၇)ဦး၊ အပြင်ဖြေဆိုသူ(၄၈)ဦး စုစုပေါင်းဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ (၈၅)ဦးတွင် အတွင်းဖြေဆိုအောင်မြင်သူ(၁၈)ဦး၊ အပြင်ဖြေဆိုအောင်မြင်သူ (၁၆)ဦး၊ စုစုပေါင်း အောင်မြင်သူ ကျောင်းသား/ကျောင်းသူ (၃၄)ဦးရှိပြီး တစ်မြို့နယ်လုံးအနေဖြင့် (၄၀)ရာခိုင်နှုန်း အောင်မြင် ကြောင်းသိရသည်။

အဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများတွင် (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၅)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၁၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ရွှေဇင်ခိုင်