ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးရာ ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၃၅၉) ဦး၊ မြို့သာဇုံမှ (၂၆၃) ဦး၊ ငါန်းမြာဇုံမှ (၁၅၇) ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၅၀) ဦး၊ သားကျင်ဇုံမှ (၂၃၀) ဦး၊ ဂျိုဇုံမှ (၁၄၉) ဦး၊ သံဘိုဇုံမှ (၁၉၈) ဦး၊ ရေလည်သောင်ဇုံမှ (၄၅) ဦးနှင့် ကုလားရွာဇုံမှ (၄၉) ဦး စုစုပေါင်း (၁၈၀၀) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မေ ၉ ရက်နေ့မှ ဇွန် ၁၆ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ Phase 9 (ဒုတိယအကြိမ်) တွင် (၉၅၀၄) ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။      

သက်နောင်ဦး (ငါန်းဇွန်)