ပေါက်ခေါင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် ကြေညာအောင်ချက် ရာခိုင်နှုန်း ၅၄ ဒသမ ၃၁ ရှိ

ပေါက်ခေါင်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို   ယ‌နေ့ နံနက် ၆ နာရီအချိန်က ထုတ်ပြန် ကြေညာခဲ့ရာ အောင်ချက် ၅၄ ဒသမ ၃၁  ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၂ ခုတွင် ကျောင်းသား၊ ကျောင်းသူဦးရေ စာရင်းရှိ (၇၂၂) ဦး၊ ဖြေဆိုသူ (၆၆၁) ဦးရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူဦးရေမှာ (၄၅၉) ဦးရှိခဲ့ပြီး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူဦးရေ (၁၄၆) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၁) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၀၇) ဦးရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)