ကျိုက်မရောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ(၅၀.၃၇)ရာခိုင်နှုန်းရှိ

ကျိုက်မရော  ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ခဲ့ရာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ (၅၀.၃၇)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် စာစစ်ဌာန(၃)ခု၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၆၆၇)ဦးရှိပြီး အောင်မြင်သူ(၃၃၆)ဦးတွင် ဂုဏ်ထူးရရှိသူ   (၁၄၀)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း (၅၀.၃၇)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)