ပုဏ္ဏားကျွန်း ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံ တစ်ဝန်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့၊နံနက် (၆) နာရီက ထုတ်ပြန်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုလျက်ရှိသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စာစစ်ဌာန(၁၂)ခုတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးကို ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၉၂၇ ဦးအနက်၊ အောင်မြင်သူ ၁၃၀၁ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းမှာ ၄၄.၄၅% ရှိပြီး၊ လေးဘာသာဂုဏ်ထူးရှင်(၈)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်(၇၂)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၈၇)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၅၁၈)ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် ၆၈၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)