ပြည်မြို့ အထက (၅) မှ (၆) ဘာသာဂုဏ်ထူးရှင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်

ပြည် ဇွန် ၁၇

နိုင်ငံတစ်ဝန်း ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာသည့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ဘာသာစုံဂုဏ်ထူး ရရှိအောင်မြင်ခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထက (၅) မှ ဂုဏ်ထူးဆုရှင် ကျောင်းသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင်  ဂုဏ်ပြုဆုများ သွားရောက်ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါ ကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခုံအမှတ် -ပပခ (၆)ဖြင့် ဘာသာစုံဂုဏ်ထူးများရရှိ အောင်မြင်သော မမေမြတ်သက်နွယ်အား အထက(၅)၌ သွားရောက်တွေ့ဆုံ ချီးကျူးဂုဏ်ပြုစကားပြောကြားပြီး  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ  စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ မြို့နယ်ပညာရေးမှူး၊ အထက (၅) ကျောင်းအုပ်ဆရာမကြီးနှင့် အတန်းပိုင်ဆရာမတို့ကိုလည်း ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)