စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 06,2022
ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ထာဝစဉ်လှုပ်ရှားလည်ပတ်နေသည့် ဂေဟစနစ်များ ရရှိစေရန်အတွက် တာဝန်သိသိ၊ အသိတရားရှိရှိ စိတ်ဓါတ်ဖြင့် သဘာ၀ပတ်ဝန်းကျင်ကို ပြည်သူများအနေဖြင့် တန်ဘိုးထားပြီး ထိန်းသိမ်းကြစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။