ထန်းတပင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း/သံဂဟေဆက် သင်တန်းဖွင့်ပွဲကျင်းပ

ထန်းတပင်  ဇွန်  

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း/သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ် နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးအောင် က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် သံပန်း/သံဂဟေဆက် အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း/သံဂဟေဆက် သင်တန်းတွင် သင်တန်းသား (၂၀)ဦးအား ဇွန်လ ရက်နေ့မှ ၂၆ရက်နေ့အထိ သင်တန်းကာလ ၂၀ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန် /ဆက်)