ကျွန်းလှ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့ပေါ်အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိကျောင်းသား၊ ကျောင်းသူများ၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားကျောင်းပြင်ပ လူငယ်များ၊ အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်ပြည်သူများအား ဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ