ဗဟန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လှုမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ဗဟန်း  ဇွန် 

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လှုမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးဝေနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ပေးအပ်သောလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးဝေက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လအထိ လူမှုရေးပင်စင်ရရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၄၃)ဦးအတွက် တစ်ဦးလျင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ်(၁၆၂၉၀၀၀၀)တိတိကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က၊ ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၂)တို့မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လှုမှုရေးပင်စင်အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)