သတင်းများ

ဂွမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jun 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲ၍
ကျောက်တန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကလေးငယ်များ သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များ အတွင်း၌ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲအခမ်းအနား ကျင်းပ
Jun 06,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ရန်ပုံငွေ(၁၀၀)သိန်းကျပ်ဖြင့် ကလိန်အောင်မြို့ လော့သိုင်းကျေးရွာအုပ်စု၊ ကျောက်က္ကဒင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲအခမ်းအနားကို ‌ယ‌နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
နောင်ချိုမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ
Jun 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၅-၆-၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချို-ရပ်စောက် လမ်းမပေါ်ရှိ ရွှေမုဋ္ဌောအုပ်စု လမ်းဘေးဝဲယာတွင် ယမန်နေ့နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်တွင်  အသက် ၅ နှစ်မှ ၁၂ နှစ်ရှိ  ကျောင်းသား ကျောင်းသူ  ၂၂၀၉၈ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ
Jun 06,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိရှိ ကျောင်းသား၊ကျောင်းသူ ၂၂၀၉၈ ဦးအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြဝတီမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ငွေဆောင်မြို့၊ ကျောက်ဖျာကျေးရွာတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Jun 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ကျောက်ဖျာကျေးရွာတွင် ယနေ့ နံနက် (၁၀:၁၅)အချိန်မှ စတင်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျောင်းသား/သူ စုစုပေါင်း ( ၇၆) ဉီး၊ ကျား (၄၁)၊ မ(၃၅) တို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် ညီလာခံအတွေ့အကြုံ ရှင်းလင်းခြင်းနှင့် အလင်္ကာကျော်စွာ ဘွဲ့ရဆရာကြီး ဦးထွန်းရီ (ရှေးဟောင်းသုတေသီ)အား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ
Jun 06,2022
သာကေတမြို့နယ်ဆရာအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာကြီး ဦးထွန်းရီ ရှေးဟောင်း(သုတေသီ)အား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယမန်နေ့နံနက် (၉:၃၀)နာရီ အချိန်ကသာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ အောင်သုခကျောင်းတိုက်၌ ပြုလုပ်ရာ မြန်မာနိုင်ငံစာရေးအသင်း (ဗဟို) ဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုး၊ ဒုဥက္ကဌမြတ်စိုး(လှိုင်)၊ အတွင်းရေးမှူး မောင်ငြိမ်းသူ (ကြို့ပင်ကောက်)နှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်စာအုပ် စာစောင်ပြပွဲဆောင်ရွက်ခြင်း
Jun 06,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။