မြစ်သား ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် ကျောင်းပေါင်းစုံ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွာခိုင်ကြီးအ.ထ.က အသင်းနှင့် မင်းလည် အ.ထ.က ခွဲအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ ရွာခိုင်ကြီး အ.ထ.က အသင်းမှဂိုးမရှိ မင်းလည် အ.ထ.က ခွဲအသင်း မှ ၁ ဂိုးရရှိပြီး ပထမဆုကိုဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် ပွဲစဉ်အလိုက်ယှဉ်ပြိုင်ခဲ့သော ဘောလုံးအသင်းများကို ငွေသားဆုများချီးမြှင့်ခြင်း၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆုရရှိ သောအားကစားသမားများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တတိယဆုရရှိ သော လမ်းခွအ.ထ.ကအသင်းအား မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးဇော်နိုင်မင်းက တစ်ဦးချင်းလည်ဆွဲတံဆိပ်များနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်ဖူးငုံမှ ငွေသားဆု ၂ သိန်းကိုချီးမြှင့်သည်။ ဆက်လက်၍ ဒုတိယဆုရရှိသော ရွာခိုင်ကြီးအ.ထ.က အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိမှ ငွေသားဆု ၃ သိန်းကိုလည်းကောင်း၊ ပထမဆုရရှိသော မင်းလည်အသင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းက တစ်ဦး ချင်းလည်ဆွဲဆုတံဆိပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီသီကျော်က ငွေသားဆု ၅ သိန်းကို လည်းကောင်း၊ ပထမဆုရရှိသော မင်းလည်အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က တံခွန်စိုက်ဖလားဆုကို ချီးမြှင့်ခဲ့ကြသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)