ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် အခြေခံအားကစားသင်တန်းဖွင့်

ပြင်ဦးလွင် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊  အခြေခံပညာဦးစီးဌာနနှင့် တိုက်ကွမ်ဒိုအားကစားဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊  အခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း၊ ခန်းမ(၂)၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး တိုက်ဂါး ကလပ်နည်းပြချုပ် ဦးမြကြိုင်အား အမှတ်တရပစ္စည်း ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက သင်တန်းသား/သင်တန်းသူများအား သင်တန်း အထောက်အကူပြုဝတ်စုံများ ပေးအပ်ခဲ့ရာ တိုက်ကွမ်ဒိုအားကစားသမားနှစ်ဦးမှ လက်ခံရယူပြီး နည်းပြဆရာဦးမြကြိုင်က သင်တန်းဖွင့်လှစ်သင်ကြားပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းအား သင်တန်းကာလ ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၂၇ရက်အထိ  တိုက်ကွမ်ဒိုသင်တန်းသား/သင်တန်းသူ ၄၅၀၊ ဖူဆယ်ဘောလုံးသင်တန်းသား ၅၀၊ ကြက်တောင် သင်တန်းသား/သင်တန်းသူ ၅၀၊ စုစုပေါင်း အားကစားနည်း ၃ မျိုး၊ သင်တန်းသား/သင်တန်းသူ ၅၅၀ ဖြင့် သင်ကြားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)