သတင်းများ

မြို့သစ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြစို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ
Jun 20,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြစို့ အသိ ပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ တောင်တွင်းကြီး—မြို့သစ်—နတ်မောက်ကားလမ်းဘေး အဆိုပါကျောင်းမြေနေရာနှင့် စည်ပင်သာယာစျေး၏တောင်ဘက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ရုံးရှေ့စာတိုက်လမ်းတို့တွင် ယနေ့နံနက် ၉ နာရီက စိုက်ထူခဲ့သည်။
နမ့်ဆန်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Jun 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ဇယန်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
လူငယ်နှင့် အနာဂတ်အသိပညာပေး Talk Show ကျင်းပ
Jun 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်အနာဂတ်အသိပညာပေး Talk Showကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကွန်ဟိန်းမြို့၊မြေစိုက်ပြဘုတ်၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှုမှတ်တမ်းများပြသ
Jun 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ပြဘုတ်၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှုမှတ်တမ်းများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပမထအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မင်္ဂလာဒီပရပ်ကွက်၊ အမှတ်(၉၇) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ထိုးနှံပေးလျက်ရှိသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လက်တွေ့အသုံးချဓာတ်ပုံပညာသင်တန်း (အခမဲ့) ဖွင့်လှစ်
Jun 20,2022
နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူများအတွက် လက်တွ့အသုံးချဓာတ်ပုံပညာသင်တန်း(အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ အခြေခံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်
Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် စနစ်တကျဆောင်ရွက် နိုင်ရန်အတွက်  အခြေခံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာနှင့်ကမ်းနားကျေးရွာတွင်  ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစင်တာ ဟိတဓရ‌ဖောင်ဒေးရှင်း(ခွဲ)နှင့် ဆရာတော်/သံတော်ကြီးများက ဦးဆောင်၍ မြို့နယ်အတွင်း ကျေးရွာများမှ ယဉ်ကျေး လိမ္မာဓမ္မစကူးလ် သင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့ရာ ယမန်နေ့က မဲဆမိတ်ကျေးရွာနှင့်သမ္ဘာန် ကျေးရွာအုပ်စု၊ ကမ်းနားကျေးရွာတို့တွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်းတန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။