နမ့်ဆန် ဇွန် ၂၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ဇယန်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် အမှတ်(၁၀၁)ခြေမြန်တပ်မတပ်မမှူး ဗိုလ်မှူးကြီးမင်းမောင်မှဦးစီးပြီး ကျန်း မာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ် တကျပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးများထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
နမ့်ဆန်မြို့ ဇယန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် ကျောင် းသား/ကျောင်းသူ(၆၅)ဦး အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၁၂)ဦး စုစုပေါင်း(၇၇)ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောကျောင်းသား/သူမျာအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းနှင့် ယနေ့အထိ အသက်(၅)နှစ်မှ ကျောင်းသား/ကျောင်းသူ(၆၀၄)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၃၈၀)ဦး စုစုပေါင်း (၉၈၄)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
နမ့်ဆန် (ပြန်/ဆက်)