သတင်းများ

ကန့်ဘလူ၌ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်
Jun 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ (DRUM SEEDER) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲကျင်းပ
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ ကန်ရိုးကျေးရွာ မိုးစပါးသရုပ်ပြစိုက်ကွင်း အတွင်း စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ ( DRUM SEEDER ) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲ ကျင်းပသည်။
တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက
ဝိုင်းမော်မြို့နယ်၌ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Jun 20,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် “လပြည့်ဝန်း”လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်၍ ပရဟိတ ဆောင်ရွက်ပေးခဲ့မှုအား ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲနှင့် အသင်းဝင်မိသားစုများ၏ သားသမီးများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်နယ်မြေရှိ အဆိုပါအသင်းရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 20,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝင်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ဆောင်ရွက်
Jun 20,2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချောင်းသာ၌ မိုးရာသီကာလ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းတူးဖော်ခြင်း ဆောင်ရွက်
Jun 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်များတွင် မိုးရာသီကာလ ရေမြောင်းများ ရေစီးရေလာကောင်မွန်စေရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းငေါ့မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြုလုပ်
Jun 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ၊စာအုပ် ၊စာစောင် ပြပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။