မြို့သစ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြစို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

မြို့သစ် ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြစို့ အသိ ပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ တောင်တွင်းကြီး—မြို့သစ်—နတ်မောက်ကားလမ်းဘေး အဆိုပါကျောင်းမြေနေရာနှင့် စည်ပင်သာယာစျေး၏တောင်ဘက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ရုံးရှေ့စာတိုက်လမ်းတို့တွင် ယနေ့နံနက် ၉ နာရီက စိုက်ထူခဲ့သည်။

ရှေးဦးစွာ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြစို့ အသိပညာပေးဆိုင်းဘုတ်အား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ကဆိုင်းဘုတ်အား စိုက်ထူ၍ ဖွင့်လှစ်ပေးခဲ့သည်။     

မြို့သစ်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၈)နှစ်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန်ဖြစ် ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျန်းမာပျော်ရွင်စွာ ပညာသင်ယူခွင့်ရရှိကြစေရန်အတွက် "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြစို့ "ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက ဆရာ/ဆရာမများနှင့် ပူးပေါင်းပါဝင်ကာ ကျန်းမာပျော်ရွှင်သော စာသင်ခန်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြစို့ အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံက သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)