ဟင်္သာတမြို့နယ်တွင် (ရ၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကျင်းပ

ဟင်္သာတ   ဇူလိုင်      ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ ခုနှစ် (ရ၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အထက်တန်း၊အလယ်တန်းနှင့်မူလတန်းဆင့်စာစီစာကုံး၊ကဗျာနှင့်ပန်းချီ ပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးမှကြီးမှူး၍ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၃၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများ ကျင်းပရာတွင် စာစီစာကုံးပြိုင်ပွဲကို မူလတန်းဆင့်တွင်”အာဇာနည်နေ့မှာ မမေ့စရာ” ခေါင်းစဉ်ဖြင့် (၂၆)ဦးတို့မှလည်းကောင်း၊ အလယ်တန်းဆင့်တွင် “အာဇာနည်နေ့နှင့်ကျွန်ုပ်၏ ခံစားချက်” ခေါင်းစဉ်ဖြင့် (၅၀)ဦးတို့မှလည်းကောင်း၊ အထက်တန်းဆင့်တွင်”အာဇာနည်များ၏ ခေါင်းဆောင်မှု စွမ်းအား” ခေါင်းစဉ်ဖြင့် (၂၈)ဦးတို့မှလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် မူလတန်းဆင့်တွင် ”ကျေးဇူးမေ့မရ ဇူလိုင်လ”ခေါင်းစဉ်ဖြင့် (၁၅)ဦးတို့မှလည်းကောင်း၊အလယ်တန်းဆင့်တွင်“တို့များမမေ့မည်အာဇာနည်” ခေါင်းစဉ်ဖြင့် (၃၂)ဦးတို့မှလည်းကောင်း၊ အထက်တန်းဆင့်တွင် ”ထာဝရစဉ်ဆက် မမေ့အပ်ထိုနေ့မြတ်” ခေါင်းစဉ်ဖြင့် (၁၉)ဦးတို့မှလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် မူလတန်းဆင့်တွင် ”အာဇာနည်စိတ်ဓါတ်နှင့် ယနေ့မြန်မာလူငယ်များ”ခေါင်းစဉ်ဖြင့်(၂၀)ဦးတို့မှလည်းကောင်း၊ အလယ်တန်းဆင့်တွင် ”အာဇာနည် စိတ်ဓါတ်နှင့် လူငယ်အနာဂါတ်” ခေါင်းစဉ်ဖြင့်(၃၇)ဦးတို့မှလည်းကောင်း၊အထက်တန်းဆင့်တွင် ”အာဇာနည်နေ့ကိုဂုဏ်ပြုရခြင်း၏အနှစ်သာရ” ခေါင်းစဉ်တို့ဖြင့်(၁၂)ဦးတို့မှလည်းကောင်း စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၂၃၉)ဦးတို့မှ နံနက်၉နာရီမှ၁၁နာရီအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ဟင်္သာတ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)